💡Learning

💡Learning & Development 

A Comprehensive Guidelines 

📌Zoom | 26 hrs Learning | 2 Months

🔥L&D ရဲ့ အဆီအနှစ်တွေကြီးပဲရစေမည့် အထူးသင်တန်း , Early Bird Discount အမြန်ယူပါ

အောင်မြင်နေတဲ့ လုပ်ငန်းတွေကို ကြည့်လိုက်ရင် စဉ်ဆက်မပြတ် သင်ယူလေ့လာခွင့်တွေကို လုပ်ငန်းထဲမှာ အမြဲဖန်တီးပေးထားလေ့ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဝန်ထမ်းတွေကို တန်ဖိုးထားတဲ့အလုပ်ဟာ ဝန်ထမ်းတွေကလည်း အလုပ်ကိုပြန်တန်ဖိုးထားကြပြီး အတူတူတိုးတက်ကြီးပွားအောင်၊ လုပ်ငန်းနှင့်ဝန်ထမ်း တစ်သားတည်းပုံစံမျိုးဖြစ်အောင် စွမ်းဆောင်ကြပါသည်..

လုပ်ငန်းနဲ့ဝန်ထမ်း တစ်သားတည်းဖြစ်စေဖို့ဆိုတာ အဲဒီအကြားထဲမှာ ပေါင်းကူးဆက်ဆံပေးရသူတွေကတော့ တာဝန်ရှိတဲ့ စီမံခန့်ခွဲသူတွေ၊ HR တွေ၊ လေ့ကျင့်သင်ကြားပေးနေရသော Trainer တွေ၊ Learning & Development သမားတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းဟာ ရေရှည်တိုးတက်ကြီးပွားဖို့ဆိုတာ လုပ်ငန်းထဲမှာ ရှိတဲ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေ စဉ်ဆက်မပြတ် တိုးတက်နေမှုအပေါ်မှာလည်း များစွာမူတည်နေပါသည်..

စဉ်ဆက်မပြတ်တိုးတက်မှုတွေ လုပ်ငန်းထဲမှာရှိနေဖို့ဆိုရင် စဉ်ဆက်မပြတ် သင်ယူလေ့လာမှု (Continuous Learning) ပုံစံဖြစ်နေအောင် လုပ်ငန်းထဲမှာ ပုံမှန် Training & Development or Learning & Development တွေ ထည့်သွင်းထားရမှာဖြစ်ပါသည်..

ဒီဘက်ခေတ်မှာ Learning & Development Function ဟာ လုပ်ငန်းရဲ့ပင်မအစိတ်အပိုင်းတစ်ခု (Business Core Function) ဖြစ်လာနေပါပြီ။ ခုနောက်ပိုင်း လုပ်ငန်းကြီးကြီး၊ လုပ်ငန်းသေးသေး လုပ်ငန်းခွင်မှာ ဝန်ထမ်းများကိုသင်တန်းပေးခြင်း (Workplace Training) တွေ တော်တော်များများလုပ်လာကြသလို L&D Department တစ်ခုအနေနဲ့ကို စနစ်တကျဖော်ဆောင်လာတာ တွေ့ရပါသည်..

ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးခြင်းဆိုတာမှာလည်း Effective Training တွေဖြစ်စေဖို့ဆိုရင်တော့ Training ရဲ့ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်ရမယ့် Training Process တွေ၊ ရှိထားရမည့် Training Policies & SOP တွေ၊ Training Methodology တွေ၊ Training Evaluation လုပ်တာတွေ စသဖြင့် ပါဝင်လာတော့မှာပဲ ဖြစ်ပါသည်..

လုပ်ငန်းထဲမှာ အပြောင်းလဲတွေလုပ်ကြတဲ့အခါ ဝန်ထမ်းတွေကို တိုးတက်ပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်တွေလည်း ပါကြတယ်။ အဓိကတော့ Performance Management အရ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို တိုင်တာကြတဲ့အခါမှာ Learning ဟာ တစ်စိတ်တစ်ဒေသအနေဖြင့် မဖြစ်မနေပါဝင်လာပါတော့တယ်။ ဘယ်ဝန်ထမ်းဟာ ဘယ်လောက်ထိသင်ယူနေမှုရှိနေပြီး သူဟာ ဘယ်လောက် တော်ထက်နေလဲဆိုတာ သိဖို့ လုပ်ငန်းက စောင့်ကြည့်လာပါတယ်။ ဒါကြောင့် Learning ဟာ ဝန်ထမ်းတွေအတွက် အလွန်အရေးကြီးပါသည်..

ဝန်ထမ်းတွေကို Continuous Learning ဖြစ်နေစေပြီး ထိထိမိမိနဲ့ စီစဉ်ပေးနိုင်ဖို့ Learning & Development သမားတွေမှာ တာဝန်အပြည့်ရှိနေပါသည်..

သင်တန်းလေး တစ်ခါပေးလိုက်ရုံနဲ့ ဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့အပြုအမူတွေ ပြောင်းလဲသွားမယ်လို့တော့ မထင်လိုက်ပါနဲ့။ တကယ်တော့ လုပ်ငန်းထဲမှာ Learning culture တစ်ခု ရှင်သန်နေမှာသာ စဉ်ဆက်မပြတ် လေ့လာရင်း သင်ယူရင်းနဲ့ ဝန်ထမ်းတွေဟာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာကြတာဖြစ်ပါသည်..

🔥ဒီလို Learning & Development လုပ်ငန်းစဉ်များ သေချာလုပ်တတ်စေဖို့အတွက် ကျွန်တော်ရဲ့ လေ့ကျင့်သင်ကြား မျှဝေပေးခြင်းခရီးစဉ်ရဲ့ ()နှစ်ကျော်အတွေ့အကြုံများကို အခြေခံထားပြီး ပြည့်စုံလုံလောက်သော သင်ရိုးညွှန်တမ်းနှင့် ထိရောက်သော သင်ကြားမှုပုံစံတို့ဖြင့် “Learning & Development” သင်တန်းကို ဖွင့်လှစ်ပေးသွားပါမည်..

ကျွန်တော်ကိုယ်တိုင်ကလည်း Learning & Development – Lead တစ်ယောက်အနေဖြင့် ဝန်ထမ်း (၇၀၀၀) ကျော်ရှိသော လုပ်ငန်းကြီးတစ်ခုမှာ တာဝန်ယူလုပ်ကိုင်ပေးနေသော L&D Professional တစ်ယောက်ဖြစ်ပါသည်..

👉Learning & Development Career ကိုစမ်းတဝါးဝါး သွားနေတာထက် ကျွန်တော်နဲ့အတူ သေချာလေ့ကျင့်သင်ယူပြီး လုပ်ငန်းမှာ ချက်ချင်း ပြန်လည်အသုံးချနိုင်ဖို့ ယခုသင်တန်းမှာ တွေ့ဆုံချင်ပါတယ်။ နောက်ပြီး HR တွေ၊ Learning & Development သမားတွေ သီးသန့် တက်ဖို့များကြတာမို့ Learning & Development Network လည်း ကျယ်ပြန့်စေပါလိမ့်မည်..

********************************

📌ဒီသင်တန်းက ဘယ်သူတွေအတွက် အထူးသင့်တော်သလဲ👇

👉လုပ်ငန်းမှာ Learning & Development ကို Setup ချခြင်းသူများ

👉Organization Development လုပ်ပေးနေသူများ

👉Learning & Development အပိုင်းကိုတာဝန်ယူထားသူများ

👉Trainer များနှင့် HR Professionals များ

👉Training & Development ကိုလုပ်နေသူများ

👉HR Functions နှင့် Training အပိုင်းပါ တွဲကိုင်နေရသူများ

👉L&D Career ကိုရွေးချယ်လျှောက်လှမ်းတော့မည့်သူများ

👉Learning & Development ကိုစနစ်တကျ လုပ်တတ်ခြင်းသူများ

********************************

📌Course Outlines;

Module (1) : Learning & Development Strategy 

  1. Building a Culture of Learning
  2. Learning Strategy
  3. L&D reports (Monthly, Yearly)
  4. L&D budgeting calculation 
  5. L&D framework (Data Entry)
  6. L&D Dashboarding
  7. Performance management in L&D

Module (2) : Skills gap analysis

  1. People Analytics
  2. Training needs analysis
  3. Training methods
  4. Types of training
  5. Model of the training process
  6. Training metrics 
  7. Training SOP guideline 

Module (3) : Training & Development 

  1. Training planning (Monthly, Annual)
  2. Designing a training program
  3. Training delivery and facilitation
  4. Training policies
  5. Related training forms
  6. Training materials
  7. Essential trainer skills

Module (4) : Designing Digital Learning Experiences

  1. Learning Technology and Resources
  2. Learning Management System (LMS)
  3. Define Goals & Audience
  4. Design the Learning Journey
  5. Develop Content & Media
  6. Choose or Build the Platform
  7. Why AI in L&D?

️Bonus : Curriculum Design for Trainers 

💥Assessment : Project & Assignment base

********************************      

📌Learning platform – Zoom Live

📌Duration : 2 Months (Every Sunday)

📌Training Date  : ခုအပ် ခုတက်နိုင်ပါသည်

📌Time : 7:30 pm to 10:00 Pm

‼️သင်တန်းချိန်အပြည့်တက်သူများသာ Certificate ရပါမည် (Fee ထပ်သွင်းရန်မလိုပါ)

********************************

💰Original Fee – 300,000/- Ks 💰

💥သင်တန်းကြေး () ကြိမ်ခွဲသွင်းနိုင်ပါသည်

🔥အစောဆုံး သင်တန်းအပ်နှံသူ (၁၀) ဦးအတွက် Early bird Discount 👇

👉1 to 10 students fee – 250,000/-ks

👉 ကျောင်းသားဟောင်းများနှင့် မြန်မာလို HR သင်ရိုးစာအုပ်ဝယ်ထားသူများ အတွက် သင်တန်းကြေး 200,000/- ks ဖြင့် တက်ခွင့်ရပါမည်..

👉သူငယ်ချင်း ()ယောက်တစ်ပြိုင်တည်းအပ်ပါက တစ်ယောက်ကို   180,000/- ks ဖြင့်တက်နိုင်သည်..

********************************

💰သင်တန်းကြေးသွင်းရန် 

Wave/Kpay/CB pay/AYA pay/ UAB pay 👇

09967023119 (U Chit Min Hein) 

Fee သွင်းပြီရင် တချက်ပြောပေးပါ..

********************************

️ Ph/Viber : 09967023119